Mon 4 Aug 23:57
ပျောက်ဆုံးတယ်။ ကျွန်တော် သိပ်လည်း ပင်ပန်းတယ်။
ကျွန်တော် ဒီအိမ်က ပြောင်းချင်တာ ကြာပြီ။ ဒီအိမ်ကြီးမှာ နေရတာ မပျော်ဘူး။ အမှတ်တရတွေ၊ ရင်နာစရာတွေ၊ ရင်နင့်စရာတွေ၊စိတ်နာစရာတွေ၊စိတ်ညစ်စရာတွေ၊စိတ်ပျက်စရာတွေ၊လွမ်းမောစရာတွေ၊ဘာတွေ မှန်းမသိ ဖြစ်ပျက်ခဲ့တာ။ ကျွန်တော် လွတ်မြောက်ချင်ပြီ။ ဒီအတိတ်ဆိုးဆီကနေ။
အခုဆို အဆင်မပြေဘူး။ အိမ်ပြောင်းချင်တာ ပိုက်ဆံက မပြည့်။
Scene 1
အိမ်ပွဲစားက အိမ်ငှားဖို့ Viber က ပြထားတဲ့အိမ်မဟုတ်ဘဲ ၈လွှာထိ တတ်ရသော elevator က 24 hr မဟုတ်သော အိမ်ကို ပြပေသည်။ ရှာနေတာ ၂လရှိပြီ အဆင်မပြေဘူးဆိုတဲ့အကြောင်းပြောပြသည်။
Scene 2
အိမ်ပြောင်းဖို့ အိမ်တွေ facebook မှာ ညသန်းခေါင် ချွေးပြန်ပြီးရှာ။ Facebook မှာ ရန်ကုန်မြို့အိမ်အငှား group တွေထဲ၀င်။
Scene 3
Scene 4
Scene 5
LOG LINE
ရန်ကုန်တွင် အသက် ၃၀ အရွယ် အမျိုးသမီး(မေ) တစ်ဦး သူမလက်ရှိငှားနေသော အိမ်တွင် အကြောင်းအရင်းအမျိုးမျိုးကြောင့် နေရထိုင်ရအဆင်မပြေသဖြင့် အိမ်ပြောင်းဖို့ အိမ်ငှားရန်အတွက် အိမ်ရှာရင်း တွေ့ကြုံရသော စိတ်ဒုက နှင့် သူမရဲ့ ရုန်းကန်လှုပ်ရှားရမှု။
အိမ်
EXT NIGHT ON the road
7:00 PM
မီးတိုင်မလင်းတဲ့ လမ်းမမှောင်ပေါ်မှာ ဟန်နီတစ်ယောက်တည်း ခေါင်းကို ငိုက်ပြီး လျောက်လာသည်။ လမ်းမပေါ်တွင် မှောင်မဲနေပြီး လူအနည်းငယ်သာရှိသည်။ လမ်းတစ်လျောက်တွင် အိမ်ပြန်ခါနီး ဆိုက်ကားသမားများ၊ မုန့်သည်များ၊ အမှိုက်ပုံနားမှ အမှိုက်ကောက်သမားများ အိမ်ပြန်ဖို့ ပြင်နေကြသည်။ 71 Cake ဆိုင်ဘေးက လမ်းကြားနားရောက်သောအခါ ဟန်နီ လမ်းထဲကို ခေါင်းငှဲ့ပြီး ကြည့်လိုက်သည်။ ကြည့်နေရင်း ကားမြင့်မြင့်တစ်စီး ဟွန်းသံကျယ်ကျယ် ပေးပြီး ကားမီးထွန်းပြီး လမ်းကြားကို ကျော်ဖြတ်သွားသည်။ ဟန်နီ ခန လှမ်းကြည့်ပြီး မျက်နှာ အရောင်မှိုင်းသွားသည်။ မျက်နှာလွဲပြီး ဆက်လျောက်လာသည်။ လမ်းအဆုံးထိပ်နားရောက်သောအခါ ကားလမ်းဘေးမှ ကတုံးတုံးထားသော အသက် ၄၀ အရွယ် အန်တီကြီးတစ်ဦး စပန့်၈ါ၀န်၀တ်ပြီး ဖုန်းပြောနေရင်း ထွက်လာသည်။ ဟန်နီ
Comments
Post a Comment