1: Storytelling အတတ်ပညာ
Creative industry အနုပညာနယ်ပယ်မှာ အရေးအကြီးဆုံးဖြစ်တဲ့ Storytelling technique ကို သေချာသင်ကြားခဲ့ရတယ်။
ရုပ်ရှင်မှာ စကားလုံးတွေနဲ့ story တွေကို ဘယ်လိုပြောမလဲ? Visual storytelling လို့ ခေါ်တဲ့ ပုံရိပ်တွေနဲ့ ကိုယ်ပြောချင်တဲ့ message ရောက်အောင် ဘယ်လို ပုံဖော်မလဲ?
အသံ - တော်တော်များများ မေ့ထားတတ်ပြီး အရေးကြီးဆုံးဖြစ်တဲ့ Sound effect, Music, Foley, background music , noise တွေနဲ့ script ကို ဘယ်လို ပုံဖော်မလဲ?
Camera movement တွေ lens ရွေးချယ်မှုတွေနဲ့ ရုပ်ရှင်ရဲ့ Theme ကို ပုံသွင်းမယ်။ စသဖြင့် စိစပ်သေချာတဲ့ storytelling နည်းလမ်းတွေဟာ ရုပ်ရှင်ရိုက်တဲ့နေရာတင်မဟုတ်ဘဲ social media content creation တွေ markeing ပိုင်း၊ education, personal branding စတဲ့နေရာတွေမှာပါ အသုံးချလို့ ရလို့ အရေးကြီးဆုံးဘာသာရပ်ဆိုရင် မမှားပါဘူး
2. Psychology of Human
ရုပ်ရှင်ဆိုတာ လောကကြီးအကြောင်း အထူးသဖြင့်လူသားတွေအကြောင်း — လူသားတွေ ခံယူသုံးစွဲကြတဲ့ အချစ်အကြောင်း၊ မိသားစုအကြောင်း၊
ဖြစ်ပျက်တတ်တဲ့ လောကြကြီးထက် ရှုပ်ထွေးလှတဲ့ လူတွေရဲ့ စိတ်နဲ့ကိုယ် —
Human Psychology ကို ပိုနားလည်သွားတယ်။ Script ဇာတ်ညွှ့န်းတွေ ရေးတဲ့အခါ Character ဇာတ်ကောင်ဖြစ်လာဖို့ ဘယ်ိလိုတည်ဆောက်ထားလဲ? ဘယ်လိုမွေးဖွားလာလဲ? ဘယ်သူမွေးတာလဲ? ဘယ်လိုကြီးပြင်းတာလဲ? Physical state ကဘယ်လိုလဲ? နေ့စဥ် အမူအကျင့်နဲ့ ဘေးပတ်၀န်းကျင့်ကြောင့် ဘယ်လို စရိုက်တွေဖြစ်လာလဲ?
ဥပမာ လူတိုင်းသိတဲ့ လူတိုင်းကို ရီမောအောင် လုပ်ပေးတဲ့ JOKER က ဘာလို့ လူသတ်သမားဖြစ်သွားတာလဲ? နောက်ကွယ်က ဇာတ်လမ်းတွေ plot တွေနဲ့ ဇာတ်ကောင်ရဲံ့ သမိုင်းပေါ်မူတည်ပြီး ရုပ်ရှင်ကို ပုံဖော်ထားတာ။
လူတွေနဲ့ ပတ်သတ်ပြီး Mindfulness ပိုဖြစ်လာတယ်။
3. ရုပ်ရှင်ရဲ့ ကျောရိုး Script
Script မရှိရင် ရုပ်ရှင် မရှိပါဘူး။ ရုပ်ရှင်ကြည့်လို့ မကောင်းတာ script မကောင်းလို့ပါ။ Script သာ ကောင်းနေရင် ရုပ်ရှင် စရိုက်ဖို့ ကင်မရာတွေ မိုးပြန်နေအောင် ကောင်းနေစရာမလိုဘူး သိန်းပေါင်းရာချီ ထောင်ချီ budget တွေ သုံးနေစရာလည်းမလိုဘူး။ ကျောရိုးကောင်းတဲ့ script ဟာ ရုပ်ရှင်တစ်ခုလုံး စလယ်ဆုံးကို သယ်ဆောင်သွားမဲ့ Main driver ဖြစ်ပါတယ်။
Script writing ပညာရပ် အခြေခံကို လေ့လာပြီးတဲ့အခါ ဘ၀ရဲ့ နယ်ပယ်တော်တော်များများမှာ
အကျိုးအကြောင်း စပ်ဆက်တွေးခေါ်တတ်သွားတယ်။
ရုပ်ရှင်အနုပညာရပ်ဟာ ပန်းချီ၊ ၈ီတ၊ စာရေးခြင်း၊ သရုပ်ဆောင်ခြင်း၊ အပြင် အခြား Technical နှင့် ဆိုင်သော ပညာရပ်များကိုပါ သင်ကြားရသောကြောင့် အလွန်ကျယ်ပြန့်ပြီး ခက်ခဲနက်နဲလှပါတယ်။
သိုပေမဲ့ Filmmaker တစ်ဦးအတွက် ခရီးအစဟာ
ပညာသင်ရင်း ရုပ်ရှင်အနုပညာကို နက်နက်နဲနဲ ထိတွေ့ခံစားခွင့်ရတာမို့ Ametur တစ်ဦးအနေနဲ့
ပျော်ဖို့အကောင်းဆုံးအချိန်ပါပဲလို့ ပြောရင်း
နောက်– တစ်ပုဒ်မှာ ပြန်တွေ့ကြမယ်။
မေ
Comments
Post a Comment