ဘာရေးရမလဲ?
ရေးစရာတွေ အများကြီး ကြုံခဲ့တာတွေ အများကြီး။ ဇာတ်လမ်းတွေလည်း အများကြီး။ ဘယ်က စရေးလို့ ဘယ်မှာ ဆုံးရမှန်းတောင်မသိဘူး။ ဖြစ်ပျက်ခဲ့တာတွေကို ရေးရင် ပင်လယ်ပြင်ကြီးလို ကျယ်ပြောမယ်။ ကောင်းကင်ကြီးဆို အဆုံးအစမဲ့မယ်။ ဘ၀ကြီးကလည်း ဒီလိုပဲနေမယ်။ ဘယ်မှာ စလို့ ဘယ်မှာ ဆုံးမှန်းမသိတဲ့ သံသရာတွေနဲ့ ကျွန်တော်တို့ နေထိုင်တဲ့ အတိတ်၊ အနာ၈ိတ်၊ပုစုန်ပန်ဆိုတာ စက်၀ိုင်းကြီးနဲ့ တူတယ်။ လွတ်မြောက်ခြင်းလမ်းကြောင်းက တစ်ခုပဲရှိတယ်။ အရှိကို အရှိတိုင်းမြင်တတ်ဖို့နဲ့ အမြင်၊အကြား၊ အထိအတွေ့၊ အရသာ ဆိုတဲ့ ဇိမ်ခံပြယုတ်တွေနဲ့ ကိလေသာဆိုတဲ့ သံယောဇဥ်တွယ်တာမှုတွေ ကို စွန့်လွှတ်နိုင်ဖို့ပဲ။ နေထိုင်ခဲ့တဲ့ အသက် ၃၀ ဆိုတဲ့ ကာလအတွင်းမှာ အကောင်းအဆိုး အကျိုးအကြောင်း လောကဓံတွေက ကြမ်းတမ်းတယ်။ အသက်ဆက်ရှင်ချင်စိတ်မရှိလောက်အောင် ဆိုးရွားတဲ့ အဖြစ်အပျက်တွေကိုလည်း ကြုံဖူးသလို စည်းစိမ်တွေနဲ့ နိဗာန်ရောက်သလို ခံစားရတဲ့ ပင်လယ်ပြင်ကြီးထဲမှာလည်း ပျော်ပျော်ကြီး လက်ပစ်ကူးခဲ့ဖူးတယ်။ အိမ်မက်တွေ အများကြီးနောက်ကို လိုက်ရင်း ပစုုပန်နဲ့ မိသားစုဘ၀ကို ပျောက်ဆုံးခဲ့ဖူးတယ်၊ ငွေကြေးချမ်းသာမှုနဲ့ စည်းစိမ်တွေကို မက်မောရင်း တကယ့်လောက အလှတရားကို မေ့ပျောက်ခဲ့ဖူးတယ်။
၁၂.၁၂.၂၀၂၅
Comments
Post a Comment