လူ့ဘီလူးအကြောင်း

အတိတ်က ပြုခဲ့သမျှတွေ ပြန်တွေးတယ်၊ ကျွန်တော် သူ့အပေါ်များ အတော်မှားခဲ့လေသလား?

ကျွန်တော် သူ့အပေါ် ဘာတွေများ လွန်ကျူးခဲ့သလဲ?

ကျွန်တော် ၀န်ခံပါတယ်။ ကျွန်တော့ရဲ့ မပြတ်သားနိုင်တဲ့ စိတ်တွေ၊ သူ့အပေါ်မှာ တွယ်ညှိနေတဲ့ စိတ်တွေကြောင့် အမှားတွေ ဖြစ်ခဲ့တယ်။ ၄ နှစ်တာ ခရီးစဥ်။ ဘယ်ကနေ စပြောရမလဲ? 

အဖြစ်အပျက်တွေကလည်း အများကြီးပဲ။ ပြသနာတွေကလည်း ပေါင်းကိုစုံလို့။ မတူညီတဲ့ စိတ်ဒဏ်ရာတွေနဲ့။ ကျွန်တော် သိပ်မှားခဲ့တယ်။ ကျွန်တော့ဘ၀ရဲ့ အကြီးမားဆုံး အမှားကတော့ ကိုယ်နဲ့ စရိုက်မတူတဲ့ လူကို သေချာမစမ်းစစ်ဘဲ လက်ခံမိတာ။ အချစ်ကို ကိုးကွယ်မိတာ။ စိတ်အလိုလိုက်မိတာ။ 

ကျွန်တော် တစ်ယောက်တည်းအမှားလည်း မဟုတ်ပြန်ဘူး။ ရှုပ်ရှက်ကို ခက်နေတာပဲ၊

၂၀၂၁ - သူနဲ့ ကျွန်တော် Clubhouse ဆိုတဲ့ social Platform မှာ စတွေ့ကြတယ်။  မိတ်ဆွေ အသစ်တွေ အများကြီးနဲ့ စကားစုပြောကြရင်း သူပါလာတယ်။ အသံသြသြနဲ့ ထူးထူးဆန်းဆန်း စကားတွေ ပြောတတ်တဲ့ ဆံပင်ရှည်ရှည် အမူအရာ ခပ်ဆန်းဆန်းနဲ့ သူ့ကို သတိထားမိတယ်။ အဖွဲ့လိုက် Virtual hangout လုပ်ကြရင်း ခင်သွားကြတယ်။ Video call တွေ ပြောဖြစ်ကြတယ်။ မှတ်မှတ်ရရ သူ့ကို ကျွန်တော် သတိထားမိသွားတဲ့အချက်က သွားကိုက်နေလို့ သက်သာအောင် ရေခဲကပ်ရင် ပျောက်တယ်ဆိုလို့ လုပ်ရင်း ဘီယာဘူးနဲ့ကပ်တာကို တိုက်ရိုက်မကပ်နဲ့လေတဲ့။ Tissue ဖြစ်ဖြစ် ခံပြီးကပ်လို့ ဂရုတစိုက်ပြောတဲ့ သူ့ရဲ့ ကြင်နာမှုကို သဘောကျမိတာကနေစတာပေ့ါ။ ပြီးတော့ သရဲကြောက်တတ်တဲ့ ကျွန်တော့ကို သူ ပိုကြောက်အောင် စတယ်၊ မခံချင်အောင် စကားတွေပြောတယ်။ ပြီးတော့ Chatbox မှာ စကားလာစပြောတယ်။ Text လုပ်ရမှာ မကြိုက်တဲ့ ကျွန်တော်က ဖုန်းခေါ်ဖို့ ပြောရင်း စကားစပြောဖြစ်တယ်။ စစချင်းကတော့ ပုံမှန်ပါပဲ။ အဲဒိနေ့က ကျွန်တော် ဆေးခြောက်တွေ ထည့်ထားတဲ့ Brownie ကိတ်တွေ အများကြီး စားပြီး တော်တော်ကို High နေတဲ့နေ့။ သူနဲ့ တစ်ညလုံး စကားတွေပြောရင်း တစ်ယောက်ကို တစ်ယောက် အရမ်းသဘောကျသွားကြတယ်။ အဲဒိနေ့ကစပြီး စကားတွေ စပြောဖြစ်တာပဲ။ 

ကျွန်တော် သူနဲ့ ပတ်သတ်တာတွေ မစဥ်းစားချင်ဘူး။ စဥ်းစားမိတိုင်း ရင်ဘတ်ထဲအောင့်တယ်။ နာတယ်၊ ကျွန်တော် နောင်တတွေလည်းရတယ်၊ ကျွန်တော် မှားခဲ့တာတွေလည်းများတယ်။ 

ကျွန်တော် ဘာတွေလုပ်ခဲ့တာလဲ? 

ဘယ်လိုမှ ပြန်ပြင်ဆင်လို့မရတော့တဲ့ အတိတ်တွေ။ ဘယ်တော့မှ ပြန်တွေ့မှာမဟုတ်တော့တဲ့ ဘယ်တော့မှ​စကားပြန်ပြောဖြစ်မှာမဟုတ်တော့တဲ့ တစ်သက်လုံး ေ၀းနေတဲ့ ဆက်ဆံရေး။ Trauma ပေါင်းစုံနဲ့ တစ်ယောက်ဘ၀ တစ်ယောက် ပျက်စီးသလို လုပ်မိကြရင်း ဖြစ်တည်ခဲ့တဲ့ ချစ်ခြင်း။ နှစ်ယောက်ပေါင်းစည်းလို့ ဘာကောင်းကျိုးမှ မဖြစ်ဘဲ အပျက်ဘက်ကိုပဲ ဦးတည်နေတဲ့ Toxic ဖြစ်လွန်းတဲ့ Relationship. 

ငါ မှားခဲ့လား? ငါလွန်ခဲ့လားဆိုတာ တွေးရင်း နောင်တတွေ ရရင်း သူလွန်ခဲ့တဲ့မတ၇ားမှုတွေကို နာကျဉ်းရင်း ကျွန်တော့ နှလုံးသားလည်း စုတ်ပြတ်သတ်နေပြီ။ 


ကျွန်တော် အခု အရမ်းနေမကောင်းဖြစ်နေတယ်။ ဆေးခန်းပြဖို့လည်း ငွေရေးကြေးရေးအဆင်မပြေဘူး။ စိတ်ဓာတ်တွေလည်း ကျတယ်။ အစာအိမ်မကောင်းလို့ အစားကောင်းကောင်းမစားနိင်ဘူး။ ၀ိတ်တွေ ကျလာတာလည်း အရိုးပေါ်အရေတင်။ တစ်နေ့တစ်နေ့ နာကျင်ကိုက်ခဲတဲ့ ၀ေဒနာတွေ နှိပ်စက်လို့ ဘာအလုပ်မှလည်းမလုပ်နိုင်ဘူး။ မိတ်ဆွေ အပေါင်းအသင်းမရှိလို့ အထီးလည်းကျန်သလို သုံးစွဲစရာငွေမရှိတော့ စိတ်သွားတိုင်း ကိုယ်မပါ၊ ဘာ၀တ်၀တ်မလှ ရုပ်ဆိုးလွန်းလို့ ကိုယ့်ကိုကိုယ် ယုံကြည်မှုမရှိ၊ အလုပ်တွေလုပ်တဲ့အခါလည်း စိတ်မပါသလို အာရုံစိုက်လို့မရ။ Auto Immuine လို့ခေါ်တဲ့ ရောဂါ နှိပ်စက်မှုကြောင့်လား မသိ။ နေလို့ထိုင်လို့ကို မကောင်းဘူး. ဆင်းရဲတွင်းကို ပြန်ဆင်းနေရတယ်၊ ကျွန်တော့ကို ကူညီဖေးမသူတစ်ဦးမှ မရှိဘူး။ ကျွန်တော့ အခြေအနေကို နားလည်ပေးနိုင်သူ ငွေကြေးထောက်ပံ့ပေးနိုင်သူ တစ်ဦးမှ မရှိဘူး။ သူကတော့ အဆင်ပြေလေရဲ့။ ငွေကြေးချမ်းသာတဲ့ မိသားစုကလာတာဆိုတော့ သူသွားချင်တာ လုပ်ချင်တာ စားချင်တာအကုန်စားရ လုပ်ရတာပေါ့။ သူ့မိသားစုကလည်း ကလေးလို ပြုစုစောင့်ရှောက်နေကြတော့ အရာရာပြည့်စုံနေမှာပေ့ါ။ 

ကျွန်တော့မှာသာ အသက် ၃၀ အရွယ်၊ အမေအို အဖေအိုအတွက် တွေးရ၊ အိမ်လခ စဥ်းစားရ၊​ အိမ်စရိတ်အတွက် တွေးပူရ၊ ထောက်ပံ့ကူညီပေးမဲ့ မိသားစု၀င်မရှိ။ အလုပ်အကိုင်က အဆင်မပြေ။ ငွေလည်းမ၀င်။ ဖေးမပေးမဲ့မိတ်ဆွေလည်းမရှိ။ ပိုက်ဆံလည်း ဘယ်သူ့ဆီကမှ မချီးငှားချင်။ ဘ၀ ပျက်တယ်ဆိုတာ တကယ်ပေ့ါ။ 


စိတ်ဓာတ်ရေးရာတွေလည်း သိပ်ကို ပျက်စီးရတယ်၊ မနည်းပြန် နလံထူအောင် လုပ်နေရတာ သိပ်ကို ဆိုးလွန်းတယ်။ သူနဲ့ ပေါင်းသင်းပြီးမှ​ကျွန်တော့စိတ်တွေ အများကြီး ပျက်စီးရတယ်။ ကျွန်တော့မာနတွေ သိကာတွေ Standard တွေ ကိုယ်ကျင့်တရာတွေ ပျက်ယွင်းရတယ်။ ဖြစ်နိုင်ရင် မေ့လိုက်ချင်တယ်။ 

ကျွန်တော် မခံစားနိုင်ဘူး။ လက်မခံနိုင်ဘူး။ သူနဲ့ပတ်သတ်တဲ့ခံစားချက်တွေ။ 

ကျွန်တော့်ဘက်က ကြင်နာသနားမှုတွေ အချိန်တွေ အနစ်နာခံမှုတွေ အများကြီးပေးဆပ်ခဲ့ပြီးမှ စွန့်ပစ်ခြင်းခံလိုက်ရတာ။ ကျွန်တော့ကို လက်ထပ်မယ် ကတိတွေပေးပြီးမှ​ ကျွန်တော့မှ ရှိသမျှ အကုန် လက်သုံးတော်ခံအကုန်ယူပြီးမှ သူကျွန်တော် မကောင်းတာတွေကိုပဲ တွေးတယ်၊ မြင်တယ်။ ကျွန်တော့ကို သူမချစ်ဘူး။ 

ကျွန်တော့ဘက်ကလည်း လမ်းခွဲဖို့ပဲ တွေးနေခဲ့တာလည်းပါတယ်၊ သူ့လို အောက်တန်းကျတဲ့ သူမျိုး၊ စရိုက်ကြမ်း စိတ်ကြမ်း အကြင်နာတစ်ရား ကင်းမဲ့တဲ့သူမျိုးနဲ့ အတူမနေချင်လို့ လမ်းခွဲဖို့ လမ်းကိုပဲ တွေးနေရွေးနေခဲ့တာလည်းပါမယ်၊ 

သူပြောတာတော့ မွေးကတည်းကသနားကြင်နာတတ်တဲ့ ဦးနှောက်လုပ်ဆောင်ချက်က မပါလာခဲ့ဘူးတဲ့လေ။ သူလူတွေကို ကိုယ်ချင်းစာတရားမရှိပါဘူးတဲ့။ ကြောင်ကိုသတ်တယ်၊ ဘာမှမခံစားရဘူးတဲ့။ ယုန်ကို သတ်ပြီး စားတယ်၊ ဘာမှ​မဖြစ်ဘူးတဲ့လေ။ ငယ်ကတည်းကလည်း သူ့အဖေ ရိုက်နှက် နှိပ်စက်တာတွေ ဆေးလိပ်မီးနဲ့ တို့တာတွကို ခံခဲ့ရတယ်တဲ့ ။ ခေါင်းပေါက်တဲ့အထိ ကိုင်ပေါက်နှိပ်စက်တာတွေ အမှတ်မကောင်းရင် ရိုက်နှက်ခံရတာတွေ၊ ကျိကျိတတ်ချမ်းသာအောင် နေရပေမဲ့ သူ့အဖေဆီက ချစ်ခြင်းတွေ သနားကြင်နာမှုတွေ မရခဲ့တာတွေ၊ သူ့အမေကိုလည်း သူ့အဖေက အမြဲရိုက်နှက်တာတွေ။ ပိုက်ဆံကို Million နဲ့ချီ ရှာ။ အချမ်းသာဆုံးစာရင်း၀င် သူငှေးတစ်ယောက်၊ မိသားစုအပေါ် ရက်စက်ကြမ်းကြုတ်မှုတွေ၊ သူအသက် ၁၀ နှစ်ကျော်မှာ မခံနိုင်တော့လို့ မွေးစားမိဘ လက်ထဲရောက်ခဲ့တာတွေ။ 


ကျွန်တော် ဒါတွေကိုလည်း ချစ်လွန်းလို့ လက်ခံခဲ့တယ်၊ အကြောက်တရားမရှိ ကိုယ်ချင်းစာစိတ်မရှိတဲ့ လူရဲ့ဘေးမှာ ကပ်နေခဲ့တယ်၊ အချစ်တွေ ပေးခဲ့တယ်။ အတူရှိနေပေးပါဆိုလို့ စိတ်တိုင်းကျ အတူနေပေးခဲ့တယ် အရာရာကို စွန့်လွှတ်ပြီး​။ သူ့အဖေအကြောင်း ဘယ်တုန်းကမှ စကားမဟခဲ့ဘူး။ ကျွန်တော် သူ့အေပါ် သိပ်ကြင်နာခဲ့တယ်၊ 




Comments