ဟာဗျာ။ ကျွန်တော့ ကြီးပြင်းလာခဲ့တဲ့ သက်တိုင်း တစ်လျောက်လုံး ဒီလို လူမဆန်တာတွေ ဖြစ်လိမ့်မယ်လို့ တွေးကို ထင်မထားတာဗျ။
ကျွန်တော် ရှင်သန် အသက်ရှင်ရတဲ့ လောကကြီးမှာ ကြင်နာမှုဆိုတာ တန်ဖိုးအရှိဆုံး အရည်းအသွေးတစ်ခုပဲ။ ကြင်နာတတ်တဲ့ နှလုံးသားနဲ့ပဲ အချစ်တွေကို အပေးအယူလုပ်ကြတာလေ။
အခုများတော့ ကြည့်ပါဦး။
ကြင်နာတဲ့စိတ်မရှိရင် နေပါစေ။ အသပြာရှိတာနဲ့ လောကကြီးမှာ ပျော်ရွှင်မှုကို ၀ယ်လို့ရမယ်ထင်တာ။
ကြင်နာမှုနဲ့ နောက်မှာပါလာတဲ့ ကိုယ်ချင်းစာတရား? ကျွန်တော့ အမေကတော့ လောကကြီးမှာ ကိုယ်ချင်းစာတဲ့ စိတ်လေး ထားပြီး အသက်ရှင်နေတာ။ သားသမီးတွေကိုလည်း အဲလိုပဲ သင်ပေးတယ်။
ကိုယ်ချင်းစာတရားဆိုတာ အခုတော့ ဟာသတစ်ခု လို ပြုမှုနေကြတာ သိပ်ကို ရွံစရာကောင်းလှတယ်နော်။ ဘယ်သူသေသေ ငတေမာပြီးရောဆိုတဲ့ စိတ်ဓာတ်တွေနဲ့ ချမ်းသာမှုကို ရှာနေကြတာ။
လူဖြစ်ရကျိုး မနပ်လိုက်တာဗျာ။
လောကကြီးမှာ ဖွေရှာစရာ ငွေတစ်ခုတည်းမဟုတ်ဘူးလေ။
Comments
Post a Comment