ဘ၀ဟာ ရှုပ်ထွေးခက်ခဲနေတာဟာ တစ်ခါတလေ ကိုယ်တွေးနေတဲ့ အတွေးတွေ၊ နေ့စဥ်လုပ်နေတဲ့ အလုပ်တွေ၊ မြင်နေရတဲ့ အရာတွေ တွေ့နေရတဲ့သူတွေ ကိုယ်ခံယူထားတဲ့ ယုံကြည်ချက်တွေ ကိုယ်ကိုးကွယ်ထားတဲ့အရာတွေ ကိုယ်နှစ်သက်မြတ်နိုးတဲ့အရာတွေ ကိုယ်လိုချင်တောင်းတနေတဲ့ အရာတွေကြောင့်လည်း ဖြစ်တယ်၊၊
ငါဟာ ကံမကောင်းတတ်တဲ့သူ၊ ငါဟာ တစ်ကောင်ကြွက် ငါဟာ အမြဲတစ်ကိုယ်တည်း ငါဟာ အသုံးမကျတဲ့သူ စသဖြင့် ကိုယ့်ကိုကိုယ် ပစ်ညက်ထားတတ်တဲ့အတွေးတွေကြောင့်လည်း ဖြစ်တယ်၊
ကိုယ်တောင်းတမိတဲ့အရာတွေ ပိုင်ဆိုင်ချင်တဲ့အရာတွေ ကိုယ်ဖြစ်ချင်တယ်ဆိုတဲ့ လောဘတွေကြောင့်လည်း ဓားသွားပေါ်က ပျားရည်စက်တွေကို သောက်သုံးမိတိုင်း လျှာလျရတဲ့ အဖြစ်တွေလိုပါပဲ၊
လူတွေရဲ့ ဘ၀ဟာ ပန်းတိုင်ဆိုတာထက် ဘာမဆို မတည်မြဲတဲ့ ခရီးရှည်ကြီးကို လျောက်လှမ်းနေရင်း တစ်နေ့ တစ်မျိုးမတူတဲ့ အဖြစ်တွေနဲ့ တွေ့ကြုံနေရတာလေ။
ကျွန်တော်အပြစ်တွေ လုပ်ခဲ့မိတယ်၊
ကျွန်တော် ရင်ဆိုင်ရမှာ သိပ်ကြောက်တယ်။ ကျွန်တော် တာ၀န်မယူရဲဘူး၊
ကျွန်တော် ထွက်ပြေးနေတယ်။ ကျွန်တော့ကိုယ်ကျွန်တော် ပြောတဲ့ စကားတွေကို ကျွန်တော် နားမထောင်ဘူး။ ကျွန်တော် လုပ်သင့်လုပ်ထိုက်တာကို မလုပ်ဘူး။
ကျွန်တော် တစ်ယောက်တည်း ရဲရင့်ရမှာကို ကြောက်နေတယ်၊
ကျွန်တော်ဟာ သိပ်ကို သူရဲဘောကြောင်တဲ့ သူ။
ကျွန်တော် ဘာလို့ ဒီလို ကြောက်နေတာလဲ?
ကျွန်တော် ဘာလို့ မှန်တာကို လုပ်ဖို့ လက်တွန့်နေတာလဲ။
ကျွန်တော့်စိတ်တွေ ဘာလို့ အဖြူဆုံးကနေ အမဲဘက်ကို ပြောင်းသွားရတာလဲ။
ကျွန်တော် အရွံမုန်းဆုံးအလုပ်ကို ကျွန်တော်ဘာလို့ လုပ်ခဲ့တာလဲ?
ကျွန်တော ဘာလို့ အဲလောက် အရတာလဲ?
ကျွန်တော့မှာ ဘာလို့ မာနတွေ သိကာတရားတွေ မရှိတော့တာလဲ?
ကျွန်တော်ဘာလိုံ မကောင်းတာလုပ်ရတာကို ကြိုက်နေရတာလဲ။
ကျွန်တော့ကို ဘာတွေက လွမ်းမိုးထားတာလဲ?
ကျွန်တော် ငွေသိပ်ရချင်နေတယ်။ ချမ်းသာချင်နေတယ်။
ချမ်းသာရင် စိတ်ချမ်းသာပြီလို့ ထင်နေတယ်၊
ကျွန်တော် ချမ်းသာဖို့ လူတော်ဖြစ်ဖို့ ဘာတွေစတေးခဲ့ပြီးပြီလဲ။
နေရတာတန်လား။ ပေးဆပ်ရတာတန်လား?
ဘ၀ကြီးက တစ်ခုလိုချင် တစ်ခုစွန့်လွှတ်ရတာမျိုး
ဒါ့ကြောင့် ဘုရားဟောခဲ့တာ အလည်အလတ် လမ်းစဥ်ကို ရွေးပါတဲ့လေ။
Comments
Post a Comment