ရိုဟင်ဂျာတွေကို တောင်းပန်သင့် မတောင်းပန်သင့် ကိစ္စ၊ ရိုဟင်ဂျာအကြောင်း ပြောသင့်မပြောသင့်။

ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်မှုနဲ့ ပတ်သတ်ပြီး အားလုံးလည်း ခုချိန်မှာ မျက်စိပွင့်နားပွင့်ဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီတို့ရဲ့လုပ်ရပ်ဟာ မှားတယ်လို့တော်တော်များများလက်ခံလောက်ပြီလို့ ထင်ပါတယ်။ ဒီလို တော်လှန်ရေးကာလမှာ ရိုဟင်ဂျာကိစ္စပြောရတာ လမ်းလွဲနေတယ်လို့ အငြင်းပွားကောင်းပွားနိုင်ပါတယ်။ ဘုံရန်သူ အကြမ်းဖက်တွေကို တော်လှန်ဖို့ ကိစ္စကိုပဲ အာရုံစိုက်သင့်တယ်လို့ ပြောကြသူတွေလည်း ရှိမှာပါပဲ။

လျစ်လျူမရှုသင့်တဲ့ အကြောင်းရင်းက UN ကကျင်းပတဲ့အစည်းအဝေးနဲ့ နိုင်ငံတကာက မြန်မာနိုင်ငံအကြောင်း မေးမြ မြန်းကြတဲ့ အကြောင်းအရာတွေမှာ တော်လှန်ရေးမှာ အကြမ်းဖက်ခံရတာတွေ အပါအဝင် ရိုဟင်ဂျာကိစ္စက ကပ်လျက်ပါလာတာကို အင်တာဗျူးတော်တော်များများမှာ ကြားနေမြင်နေရပါတယ်။ နိုင်ငံတကာက တသံတည်းတောင်းဆိုတာက မြန်မာနိုင်ငံအနေနဲ့ ရိုဟင်ဂျာတွေကို လူသားဆန်ဆန် လက်ခံပေးဖို့ရယ်၊ ရခိုင်မှာ နေစရာနေရာပေးဖို့၊ Minority အဖြစ်လက်ခံပေးဖို့ ပါပါတယ်။
လူမျိုးကြီးဝါဒကို လက်ခံထားတဲ့ မြန်မာလူမျိုးတွေအနေနဲ့မြန်မာနိုင်ငံရဲ့ သယံဇာတတွေကို တခြားလူမျိုးတွေကို ခွဲဝေလိုစိတ်မရှိတာမျိုးတွေ တွေ့နေရသေးပါတယ်။ မြန်မာလူမျိုးတွေအနေနဲ့ မြန်မာမှာဖြစ်ပျက်နေတာကို နိုင်ငံတကာကို ကြားစေချင်ရင်၊နိုင်ငံတကာ Support ရချင်ရင်၊ နိုင်ငံတကာရဲ့ အသံကိုလည်း လျစ်လျူမရှုထားသင့်ဘူးလို့ထင်တယ်။ တောင်းပန်သင့်တာတောင်းပန်ပြီး မြန်မာနိုင်ငံက လူတွေအနေနဲ့ Voice တစ်ခု ထွက်သင့်တယ်လို့ထင်ပါတယ်။
နိုင်ငံတကာသတင်းတွေမှာ မြန်မာနိုင်ငံက ထွက်ပြေးလာရသော ဒုက္ခသည်များဆိုပြီး အခုအချိန်ထိ ရေးသားဖော်ပြနေတာကို တွေ့နေရသေးပါတယ်။ မြန်မာနိုင်ငံက ခွဲခြားဆက်ဆံရိုဟင်ဂျာကိစ္စစဖြစ်တုန်းက နိုဘယ်ဆုရှင် မာလာလာကိုယ်တိုင်ကလည်း ရှုံချကြောင်း အတိအလင်းပြောဆိုခဲ့တာလည်းရှိပါတယ်။
ရှက်ရှက်နဲ့ဝန်ခံရရင် ရိုဟင်ဂျာကိစ္စဖြစ်တဲ့အချိန်မှာ မြန်မာနိုင်ငံက Speakout လုပ်ပေးခဲ့တဲ့ နိုင်ငံတော်အတိုင်ပင်ခံ အမေစု (ခ) ဒေါ်အောင်ဆန်းစုကြည်ရဲ့ လူမျိုးတုံးသတ်ဖြတ်ခြင်းမဟုတ်ဘူးဆိုတဲ့ ခံဝန်ရှင်းပြချက်စကားကိုသာ ယုံကြည်ခဲ့တယ်။ တက္ကသိုလ်တက်နေချိန်လည်းဖြစ် နိုင်ငံရေးနဲ့ပတ်သတ်ပြီး အများကြီး ဝမ်းစာမရှိတော့ ရိုဟင်ဂျာတွေကို အတော်လေး ရွံမုန်းခဲ့တယ်။
ကျွန်တော် လေ့လာမိသလောက်၊ နိုင်ငံတကာက အသံတွေ၊ စာတွေ ဖတ်ရသလောက် ရိုဟင်ဂျာကိစ္စနဲ့ ပတ်သတ်ပြီး ခုကတည်းက ကျွန်တော်တို့တွေ Speakout လုပ်ပြီး အသံထွက်သင့်ကြောင့် တကိုယ်ရည်အမြင်ကို ပြောချင်ပါတယ်။ လူသားချင်းလည်း ကိုယ်ချင်းစာသလို ခုလိုအချိန်မှာ လူမျိုးကြီး ဝါဒကို စွန့်လွှတ်သင့်ပြီဖြစ်တယ်လို့ ထင်ပါတယ်။
ရိုဟင်ဂျာနဲ့ပတ်သတ်တဲ့ သတင်းများ ၊ https://thewire.in/.../bangladesh-rohingya-refugees-impact

Comments