မနေ့ညက ကျွန်တော့ နှလုံးသား ဖောင်းလာတယ်။ 


ခန္တကိုယ်အပြင်ဘက်ထိတောင် ထွက်လာတဲ့ထိ ကြီးလာပြီး လေထဲ မြောက်နေတာ။ ကျွန်တော့ရင်ဘတ်ကြီးက ဟာလာဟင်းလင်းကြီးနဲ့ မျက်လုံးတွေက အပြင်ထွက်ပြီး စကားပြောချင်နေတဲ့ နှလုံးသားကို ကြည့်နေတယ်။ နှလုံးသားက ပြောတယ်။ ငါ အရမ်းလေးလံနေပြီကွာ။ မင်းလွတ်ချသင့်တာကြီးကို ဘာလို့အလေးခံပြီး သယ်နေတာလဲတဲ့။ ကျွန်တော် မြင်နေရတယ်။ သူပြောတာကို ကြားနေရတယ်။ ကျွန်တော့မှာ အဖြေမရှိဘူးဗျာ။ အိပ်ရာထဲမှာသာ လဲနေတာ။ ပြေးနေရင်း အမောဖောက်တာထက် ပိုဆိုးတဲ့ ဟောဟဲလိုက်မှုတွေနဲ့  ကျွန်တော့ ခန္တာကိုယ်တစ်ခုလုံး တောင့်တင်းနေတာပဲ။ ကျွန်တော့ ပါးပြင်ကိုစမ်းကြည့်တော့လည်း ဘာလို့ကျမှန်းမသိတဲ့မျက်ရည်စက်လေးတွေ တစ်စက်နှစ်စက်။ ကျွန်တော် ထိန်းချုပ်ရတာ မွန်းကျပ်လိုက်တာဗျာ။ 


ကျွန်တော် ပြောပြလိုက်ချင်တယ်။ ကျွန်တော်သူ့ကို ချစ်နေတဲ့ အကြောင်းကို။


ကျွန်တော် ပြောပြလိုက်ချင်တယ်။ သူနဲ့ပတ်သတ်ပြီး ဝမ်းနည်းရတာတွေကို။


ကျွန်တော် ပြောပြလိုက်ချင်တယ်။ ကျွန်တော် သူ့ကို ဘယ်လောက် ဂရုစိုက်လဲဆိုတာကို။


ကျွန်တော် ပြောပြလိုက်ချင်တယ်။ သူနဲ့ တွေ့နေရရင် ဘယ်လောက်ပျော်ရတဲ့အကြောင်းကို။


ကျွန်တော် ပြောပြလိုက်ချင်တယ်။  ကျွန်တော် ဘယ်လောက်တောင် လောင်ကျွမ်းနေရလဲဆိုတာကို။


ကျွန်တော် ပြောပြလိုက်ချင်တယ်။ 


ဒါပေမယ့်လေ ကျွန်တော် သူ့ကို ချစ်လို့ ။ မပြောဘဲနေလိုက်တော့မယ်။ 


Comments