မောင် ခိုင့်ကို တကယ်မချစ်ဘူး......

မောင် ခိုင့်ကို တကယ်မချစ်ဘူး......

အချစ်ဆိုတာ စွန့်စားရဲရတယ်။ အချစ်ဆိုတာ တခါတလေ တကိုယ်ကောင်းဆန်တတ်ရတယ်။ အချစ်ဆိုတာ နှလုံးသားကပဲ ဖြစ်တည်ရတယ်။

မောင်က အချစ်နဲ့ပတ်သတ်ပြီး ဘယ်တုန်းကမှ စွန့်စားဖို့ စိတ်ကူးမရှိဘူး။ မောင်က သူချစ်တဲ့သူတွေနဲ့ပတ်သတ်လာရင် တကိုယ်ကောင်းလည်း မဆန်တတ်ဘူး။ မောင်က ဦးနှောက်ကို ပိုဦးစားပေးလို့ နှလုံးသားကို စတေးတတ်ပြန်တယ်။

ခိုင် မောင့်ကို စွတ်စွဲတဲ့ အသည်းနှလုံးမရှိဘူးဆိုတာ တကယ်အမှန်ပဲလေ။ မိခိုင်အတွက်တော့ မောင့်က အသည်းနှလုံးမဲ့သူတစ်ဦးပါ။

ငြိမ်းမောင်ကို ပိုချစ်လို့ ခိုင့်ကို သတ်လိုက်မိတယ်ထားဦး။ ငြိမ်းမောင်ဆိုတဲ့ တတိယလူမရှိရင်တော့ ခိုင့်ကို ချစ်ဖို့ သတ္တိရှိဖို့ မသေချာဘူး။ မသေချာဘူးလေ ခိုင့်အတွက် သူက ကာကွယ်ပေးတဲ့လူ၊ ချစ်နိုင်သူတစ်ဦးထက်မှ မပိုချင်ခဲ့တာ။

မောင်ဟာ ခိုင့်အပေါ်အရက်စက်ဆုံး လူသားတစ်ဦး။
ခိုင့်ဘက်က မောင့်ကို ရည်းစားလို ချစ်တယ်လို့သာ ပါးစပ်က မပြောတာ။ သူရေးတဲ့စာတွေ၊ သူကြည့်တဲ့ အကြည့်တွေ၊ သူမောင့်အပေါ် အားကိုးတဲ့ပုံတွေ၊ ချစ်တယ်ဆိုတာထက် ခိုင် တဘဝလုံးကိုးကိုယ် လက်တွဲချင်တဲ့သူဟာ မောင်မှန်းသိအောင် ပြနေတဲ့ကြားက အသည်းမာမာနဲ့ လျစ်လျူရှုထားတဲ့ မောင်ဟာ ခိုင့်အပေါ် အရမ်းကို ရက်စက်တဲ့သူ။ မောင့် နှလုံးသားထဲမှာ ခိုင့်လို မိန်းကလေးကို ဘာလို့ ချစ်ရသူတစ်ဦး မဖြစ်ရတာလဲဆိုတာ စဉ်းစားလို့မရဘူး။ ခိုင်ဟာ မောင်နဲ့ သိစ ငယ်ဘဝကတည်းက သနားစရာ စိတ်ဝေဒနာသည်လေး လို ကလေးတစ်ယောက်။ စိတ်နှစ်ခွ ဖြစ်နေတတ်တဲ့ ကလေးဆိုးတစ်ဦး။ တစ်ခုခုဆို တဇွတ်ထိုးလုပ်တတ်တဲ့ လူမိုက်မလေး။ မောင့်အပေါ်ဆိုလည်း တခြားလူတွေထက် အားကိုးတွယ်တာ တတ်သူတစ်ဦး။

မောင်ဟာ ခိုင်သူ့ကို ချစ်နေတာကို သိသိလျက်နဲ့ လျစ်လျှူရှုနိုင်သူကြီးပါလေ။

ဒီဇာတ်လမ်းမှာ လူတော်ဖြစ်လျက်နဲ့ အစွဲအလမ်းကြီးလွန်းတဲ့ ခိုင့်ကိုတော့ သနားဆုံးပါပဲ။ ချစ်တဲ့ ခင်တဲ့ သူတွေ ဝိုင်းဝိုင်လည်နေလျက်နဲ့ ငယ်ကတည်းက တွယ်တာခဲ့တဲ့ အားကိုးခဲ့တဲ့ တခုခုဆို ခိုင့်ရှေ့မှာ မားမားမတ်မတ် ရပ်တည်ပေးခဲ့တဲ့ မောင့် အပေါ် ချစ်တာလေးကိုလည်း အပြစ်မတင်လိုဘူး။

ခိုင်ရယ်...
အသက်ထွက်ခါနီးတောင် ခိုင့်ကို ချစ်ပါတယ်လို့ ပြောမထွက်တဲ့ မောင့်ကို ခိုင့်အစား မုန်းပေးပါ့မယ်။
နှောင်ဘဝများကျ သူ ချစ်ကိုသာ ရွေးပေးပါနော်။



Comments