A star is Born Movie Review


အားလုံးချစ်တဲ့ Lady Gaga ရဲ့ ရွှေကမ္ဘာလုံးဆုပေးပွဲမှာ အကောင်းဆုံးဂီတဇာတ်မြူးကားအဖြစ် လျာထားခြင်းခံရတဲ့ " A Star is Born "။  Lady Gaga ကို ကြိုက်နှစ်သက်တဲ့သူတွေကော လူတိုင်းကြည့်ရှုသင့်တဲ့  Romantic Drama ဇာတ်ကားကောင်းလေး တစ်ကား။ Lady Gaga ဟာ ကျွန်မတို့ မြင်နေကျ MTV တွေထဲကလို လွန်လွန်ကျူးကျူး ပြင်ဆင်ချယ်သထားတာမျိုး လုံးဝမရှိဘူး။ တစ်ကားလုံး တွေ့နေကျလို မိတ်ကပ်တွေ မလိမ်းထားဘူး။ အရိုးရှင်းဆုံး ပြင်ဆင်ဝတ်စားထားတာကလည်း ကျွန်မကို ဒီကားကြည့်ဖြစ်အောင် ဒီကားကို ဘာလို့ ကြိုက်လဲဆိုတာ ပြောနေတဲ့ အကောင်းဆုံးအချက်ပါပဲ။ အကောင်းဆုံး အမျိုးသားဇာတ်ဆောင်နဲ့ အမျိုးသား ဇာတ်ဆောင်အဖြစ် လျာထားခြင်းခံရလောက်အောင် အဆိုမှာသာမက သရုပ်ဆောင်မှာပါ ထူးချွန်လွန်းတဲ့ Lady GaGa. Ohh I love Her so much! She is so amazing.


ဇာတ်ကားလေးက နာမည်ကြီးCountry အဆိုတော်ဖြစ်တဲ့ ဂျက်ဆန်ဟာ အရက်ရဲ့ကျေးကျွန် ဆေးစွဲနေတဲ့ သူတစ်ယောက်။ Ally ဆိုတဲ့ Lady Gaga ကတော့ အရက်ဆိုင် ဘားမှာ သီချင်းဆိုတယ်။ သူမကိုယ်သူမ အဆိုပိုင်းမှာ သိပ်ယုံကြည်မှုမရှိတဲ့သူ။ ဂျက်ဆန်က တနေ့ ဘားမှာ Ally သီချင်းဆိုနေတာကို တွေ့သွားပြီး စိတ်ဝင်စားသွားရာကနေ ဇာတ်လမ်းက စတာပါပဲ။ အရက်ကျေးကျွန်ဖြစ်နေတဲ့ သူနဲ့ ဘယ်လိုတွေ ဇာတ်လမ်းတွေဆက်ဖြစ်ကြမလဲဆိုတာ စိတ်ဝင်တစား ကြည့်ရှုရမှာပါ။ ဒီဇာတ်ကားမှာ လူတစ်ယောက်ကို ချစ်တဲ့အခါ အရာရာကို လက်ခံတတ်တဲ့ အချစ်စစ်အကြောင်းတွေ အဆိုပိုင်းနဲ့ပတ်သတ်ပြီး ကြိုးစားမှု ရဲရင့်မှုတွေကို တွေ့ရမှာပါ။ အချစ်ကို တန်ဖိုးထားတတ်သူတိုင်း ဂီတချစ်သူတိုင်း မဖြစ်မနေ ကြည့်သင့်တဲ့ ကားလေးပါပဲ။


ဒီကားလေးကို ကြည့်ပြီး Lady Gaga ကို ပိုလေးစားသွားတယ်။ ပိုချစ်သွားတယ်။ တော်တော်လေးလည်း အံ့သြဖို့ ကောင်းတဲ့ Wonder Woman လို မိန်းမလို့တောင် တင်စားချင်တယ်။ ဒီကားလေးမှာ ကျွန်မ အံ့သြမိတဲ့ အချက်တွေ အများကြီးတွေ့တယ်။ တစ်ကားလုံးမှာ ကျွန်မတို့တွေ့နေကျ သူရဲ့ MTV ထဲကလို မိတ်ကပ်တွေမလိမ်းထားဘူး။ မျက်နှာပြောင်လေးနဲ့ တွေ့ရတာများတယ်။ မထင်မှတ်ထားလောက်ပဲ မိတ်ကပ်တွေ မလိမ်းထားတဲ့အခါ သူမကပိုလှပနေပါတယ်။ ဒီ Charater နဲ့ အတော်လိုက်ဖက်မှုရှိပြီး သူမကိုယ်တိုင်ဖြစ်နေတယ်လို့တောင်ခံစားရစေပါတယ်။ သရုပ်ဆောင်သွားတာ စကားပြောပုံကလည်း မထင်မှတ်ထားလောက်ပဲ ကောင်းမွန် လွန်းလှပါတယ်။ သူမရဲ့ နှာတံလေး၊ ထူထဲပြီး မျက်နှာလေးကို ဘောင်ခတ်ထားတဲ့ မျက်ခုံးလေး၊ မထူမပါ သေသပ်လှတဲ့ နှုတ်ခမ်းလေး၊ အဲဒိနှုတ်ခမ်းက ထွက်လာတဲ့ ဆွဲဆောင်မှုရှိတဲ့ သံစဉ်လို စကားသံလေးတွေ Sexy ကျလွန်းပြီး ဆွဲဆောင်မှုရှိလွန်းတဲ့ အသံလေး၊ သူမကို Music ကို ရဲရဲဝင့်ဝင့်ထုတ်ဖော်သီဆိုပုံလေးတွေက ကျွန်မ မျက်လုံးထဲက မထွက်နိုင်တဲ့ သူမရဲ့ အလှတရားတွေပဲဖြစ်ပါတယ်။ မိန်းကလေးချင်းတောင် ဒီလောက်ကြွေရင် ယောက်ျားလေးတွေဆို ပြောစရာမလိုတော့ပါဘူး။ 


 ဂျက်ကလည်း တကယ့် အရက်စွဲနေတဲ့သူလိုလို လုပ်ပြသွားနိုင်တာ ပီပြင်လွန်းပြီး နှစ်ယောက်သား အပေးအယူမျှမျှနဲ့ သရုပ်ဆောင်ထားတာ အရမ်းကို ကြည့်လို့ကောင်းပါတယ်။ ဂျက်ရဲ့ကြမ်းရှရှအသံ၊ ခပ်ကြမ်းကြမ်း ဂစ်တာတီးပုံကလည်း ဒီဇာတ်ကားကို စွဲမက်အောင် လုပ်နေတဲ့အချက်ပါပဲ။ ချစ်သူရှိတဲ့သူတွေ အတူကြည့်သင့်တဲ့ ကားလေးလည်းဖြစ်ပါတယ်။ ဇာတ်ကားထဲက သီချင်းတွေကလည်း တကယ့်ကို နူးညံ့ပြီး အချစ်ကို ဖော်ဆောင်နေတာကိုး။ ငိုတော့ မငိုမိစေနဲ့နော်။ 


အကြိုက်ဆုံးအချက်ကတော့ သူမရဲ့ Music ပါပဲ။ သီချင်းတွေက Damn Good! ဒီဇာတ်ကားထဲမှာ သူမရဲ့ကိုယ်ပိုင်သီချင်းတွေကို Original တွေကို ချပြသွားတယ်။ အေးအေးလေးနဲ့ သီချင်းတွေက တစ်ကြောင်းချင်း တစ်လုံးချင်း သံစဉ်တစ်ခုချင်းစီတိုင်းက ကြက်သီးထစရာကောင်းလောက်အောင်ကို ကောင်းတာပါ။ ဇာတ်ကားထဲမှာပါဝင်တဲ့ သီချင်းတွေက Shallow (အကောင်းဆုံး Original သီချင်းဆု) ၊ Always Remember us this way , I will never love again, Is that alright? ဒီသီချင်းတွေကတော့ A Star is Born Sound track ထဲက အကြိုက်ဆုံးအကောင်းဆုံး အချစ်သီချင်းလေးပုဒ်ပါပဲ။ ဂီတချစ် ပရိတ်သတ်တစ်ယောက်အနေနဲ့ သူမက တကယ့်ကို Amazing ပါ။ IMdb အဆင့် ၇.၅ ထိ ရရှိထားပြီး ကြာမြင့်ချိန်က ၁၃၅ မိနစ်ပါ။ ၂၀၁၈ ကထွက်ခဲ့ဇာတ်ကားထဲမှာ အကောင်းဆုံး Romantic Drama ဂီတဇာတ်မြူးကားတစ်ကားပဲဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ Lady Gaga ရရှိခဲ့တဲ့ ရရှိခဲ့တဲ့ ဆုတွေကို နောက်ထပ်ပြောပြပေးသွားပါမယ်။

Trailer ကို ဒီမှာကြည့်လို့ရပါတယ်။ 

https://www.youtube.com/watch?v=nSbzyEJ8X9E&t=79s


#Honey




Comments