မနက်ဖြန်...
မနက်ဖြန်တွေကို ကျွန်မကြောက်တယ်။
အထူးသဖြင့်...
မနက်ဖြန်ကို စောင့်ရင်း မနက်ဖြန်ဖြစ်သွားတဲ့ ဝေလီဝေလင်းအချိန်တွေကိုပေ့ါ။
ဘယ်လောက်တောင်ဆိုးလဲဆို မနက်ဖြန်ကို စောင့်ရင်း မိုးလင်းသွားတဲ့နေ့တွေပါရှိတယ်။
အဲလိုနေ့မျိုးဆို အရူးမီးဝိုင်းသလိုပဲ။
ညတွေကိုလည်းကြောက်တယ်။
အိပ်မပျော်တဲ့ညတွေ။
အထူးသဖြင့်...
မနက်ဖြန်ကို စောင့်မျော်နေရတဲ့ညတွေ။
အိပ်မပျေ်ာတဲ့ညတွေ။
ကျွန်မစိတ်တွေ...
ညအချိန်ဆို သိပ်အထီးကျန်ဆန်တာပဲ။
ဘဝရဲ့ နေဝင်ချိန်လိုပဲ။
ရင်ထဲမှာရှိတဲ့ စကားတွေကို ဟက်ဟက်ပက်ပက်နားထောင်ပေးမယ့်
သူတစ်ယောက်မှမရှိဘူး။
ကျွန်မဘေးနားမှာ
တစ်ယောက်တည်းမဟုတ်ဘူးဆိုတာ သတိတရလုပ်ပေးမယ့်
သူဆိုတာမရှိဘူး။
ကျွန်မကို အိပ်ပျော်အောင် ကူညီပေးနိုင်မဲ့သူဆိုတာမရှိဘူး။
ညဆိုတာ ကျွန်မရဲ့ကျရှုံးမှုပဲ။
ည မရောက်ချင်ဘူး။
မနက်ဖြန်ရောက်ဖို့ ညတွေကို
မဖြတ်ကျော်ချင်ဘူး။
ကျွန်မကို စာနာမဲ့သူမရှိဘူး။
ကျွန်မ စကားတွေကို နားထောင်မဲ့ သူမရှိဘူး။
ကျွန်မသိပ်ချစ်ရသူတွေအနားမှာမရှိဘူး။
ကျွန်မ ဘာအမှားတွေ လုပ်ခဲ့ လို့လဲ...
ရူးနှမ်းနှမ်း အသုံးမဝင်တဲ့အတွေးတွေ။
ကျွန်မဆိုတာ မတည်ရှိချင်တော့ဘူး။။
ကျွန်မ ပျောက်ကွယ်သွားချင်လိုက်တာလေ...
Comments
Post a Comment