ကျွန်မ

အခု အချိန်ဟာ ကျွန်မ ဘ၀ရဲ့အနှိမ့်ဆုံး အချိန်ဆိုလည်း ဟုတ်တယ်။

အမြင့်ဆုံး အချိန်ဆိုလည်း ဟုတ်တယ်။

ကျွန်မကို အမြင့်ဆုံးရောက်အောင် ပို့ပေးမယ့် အခွင့်အရေးကောင်းတွေ နေ့စဉ်ရနေပါလျက်

ကျွန်မရဲ့ ပျော့ညံ့တဲ့စိတ်ဓာတ်ကြောင့်ပဲ အားလုံးကို လက်လွှတ်ဆုံးရှုံးရတော့မယ်။

ဘာကိုပဲ ဆုံးရှုံးရပါစေ ကျွန်မ ကိုယ်ကျွန်မ နောက်တစ်ခါ ထပ်ပြီး မဆုံးရှုံးချင်ဘူး။

ကျွန်မကို ချစ်ပြီး ၀န်ရံပေးကြတဲ့သူတွေ ရှိသလို

ကျွန်မ ဘာဖြစ်ဖြစ် ဂရုမစိုက်တဲ့သူတွေလည်းအများကြီး။

ကျွန်မ ဘာကို ဂရုစိုက်ရမှာလဲ။

ကိုယ့်ကိုကိုယ် ကံဆိုးတယ်။ ကံမကောင်းဘူး။

ဘယ်သူမှငါ့ကို ဂရုမစိုက်ကြဘူး။

အဲလို ခပ်ညံ့ညံ့အတွေးတွေကိုလည်း ထပ်မတွေးချင်ဘူး။

ဘ၀ဆိုတာ ခုမှ စတာလား....

ကျွန်မ ရေစုန်မှာ မျောခွင့်ပေးလိုက်တဲ့ ကျွန်မရဲ့ ဘ၀တစ်ခု

အခု ကမ်းမှာ တင်ချိန်ရောက်ပြီလား...

အမှားတွေ အများကြီး လုပ်ခဲ့တယ်။

Sometimes, we learn , Sometimes, we win!

We never fail.


Comments