ဂီတနဲ့ အရာရာကို ဖြေဖျောက်နိုင်တဲ့ သူဘယ်ရောက်သွားပြီလဲ။
ကိုယ်ကြိုက်တဲ့ သီချင်းသံလေးကြားတာနဲ့ စိတ်တွေ တက်ကြွနေတတ်တဲ့ သူ ဘယ်ကိုရောက်သွားပြီလဲ။
သီချင်းသံတွေကို ရူးသွပ်တတ်တဲ့ ငါ ဘယ်လောက်သွားပြီလဲ။
သီချင်းစာသားတိုင်းကို ခံစားသက်ဝင်တတ်တဲ့ ငါ ဘာဖြစ်သွားတာလဲ။
ဘယ်အရာကိုမှစိတ်အားထက်သန်မှု မရှိတော့ရလောက်အောင် ငါဘာဖြစ်နေတာလဲ။
ဘယ်အရာကိုမှ စိတ်ဝင်စားမှုမရှိရတော့လောက်အောင် ငါ စိတ်မနှံ့တော့ဘူးလား။
ဘယ်သူ့အကြောင်းကိုမှလည်း စိတ်ဝင်စားမှုမရှိတော့တဲ့ ငါက လူတစ်ယောက်မဟုတ်တော့ဘူးလား။
အသက်ရှင်နေရတာ အဓိပ္ပါယ်မဲ့လိုက်တာလေ။
ဘယ်သူ့ကိုမှလည်း မချစ်တတ်တော့ဘူး။
စိတ်ထဲမှာ ကွက်လပ်ကြီး။
ဘာကိုမှလည်း မမက်မောဘူး။
ဘာမှလည်းမရချင်ဘူး။
လောကကြီးကို လက်မြှောက်လိုက်တာလည်း မဟုတ်ဘူး။
အရှုံးပေးလိုက်တာလည်း မဟုတ်ဘူး။
ဘ၀ကို ရေစုန်အတိုင်း မျောခွင့်ပေးလိုက်တာလား။
အရင်က မဗေဒါဆို အဲဒိ စိတ်ဝိညဉ်တွေ ဘယ်ရောက်သွားတာလဲ။
အခုဆို ရေစီးမှာလည်း မျောတတ်နေပြီ။
ဘဲအုပ်ရဲ့ အဆောင့်အကန်ခံရမှုအောက်မှာလည်း မျက်ရည်ဖြိုင်ဖြိုင်ကျတတ်နေပြီ။
ရေအစုန်အောက်မှာလည်း နှစ်ခံဖို့ အမြဲ အဆင်သင့်ဖြစ်နေပြီ။
ငါ ဘာလဲ။
ဘာဖြစ်ချင်တာလဲ။
ဘာကို စောင့်နေတာလဲ....

Comments
Post a Comment