Biking System at Singapore


စင်​ကာပူသွားရင်​ မဖြစ်​မ​နေလုပ်​ရမှာက စက်​ဘီးစီးခြင်းပါ။



သန့်​ရှင်းသန့်​ပြန့်​​နေတဲ့ လမ်း​တွေ ကား​တွေသိပ်​မကျပ်​ Public Transportation ကို ရထားနဲ့ Busအဓိကထားလို့ စက်​ဘီးစီးလို့ Safe ဖြစ်​တယ်​။ ပြီး​တော့ စက်​ဘီးစီးဖို့ ကိုယ်​ပိုင်​စက်​ဘီးရှိစရာမလိုဘူး​။ လမ်း​ဘေးမှာ စက်​ဘီး​တွေ အခုလိုပဲ ချထားတယ်​။ စက်​ဘီးစီးနိုင်​ဖို့ Appရှိရမယ်​။ အဲဒါမှ ​သော့ခတ်ာထားတာ ဖြုတ်​နိုင်​တယ်​။ 

စက်​ဘီးစီးခက ပထမ နာရီဝက်​ကို Free, ​နောက်​မှ နာရီဝက်​ 1 SG Dollar နူန်းနဲ့​ကောက်​တာ။ ပိုအဆင်​​ပြေတာက စက်​ဘီးကို ကိုယ်​ယူလာတဲ့​နေရာ ပြန်​ထားစရာမလိုဘူး။ ကိုယ်​ထားချင်​တဲ့ လမ်း​ပေါ်ထားခဲ့လိုက်​ရုံပဲ။ ကဲ ဘယ်​​လောက်​စနစ်​ကျပြီး အဆင်​​ပြေလဲလို့။

လမ်းမှာ စက်ဘီးစီးနေသူတွေကို ကြည့်ရတာ တကယ်ငြိမ့်ငြိမ့်ညောင်းညောင်း သက်သက်သာသာနဲ့ စီးနေကြတာ။ ကားလမ်းပေါ်မှာလည်း ကားတွေက စနစ်တကျ မောင်းနေကြပြီး ကားတွေ အများကြီး မရှိလို့စက်ဘီးစီးသူတွေအနေနဲ့ တကယ်ကို Safe ဖြစ်ပါတယ်။

ဟန်နီကတော့ စီးချင်​တာ တ​နေကုန်​ Tour အစီအစဉ်အတိုင်း​​ကားနဲ့ပဲ လည်​ခဲ့လို့ TourGuide​ပြောတာ​လေး နား​ထောင်​ပြီး ဓာတ်​ပုံပဲ ရိုက်​ခဲ့ရတယ်​။

#SingaporeTrip

Comments